PSB Formula ဆိုတာဘာလဲ?
PSB ဆိုတာအလွယ်ကူဆုံးနဲ့အရှင်းဆုံးပြောရရင် Copywriting Formula တစ်ခုပါ။
ဒီနေ့မှာတော့ ကျွန်တော်က Copywriting Formula တွေထဲက အရေးကြီးတစ်ခုဖြစ်တဲ့ PSB Formula ကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။
PSB ကိုပြန်ရှင်းရရင်
• Problem
• Solution
• Benefit
ဆိုပြီးပြန်ခွဲလို့ရပါတယ်။
1. Problem (ပြဿနာ)
ကျွန်တော်တို့ Content တစ်ပုဒ်ရေးတော့မယ်ဆိုရင် ဒီ Content ရဲ့အစပိုင်းမှာ ကိုယ့် Target Audience တွေရဲ့ အခက်အခဲ၊ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးရတာဖြစ်ပါတယ်။
ဒီအဆင့်မှာဆိုရင် သင့်ရဲ့ Potential Customer တွေက “ဟုတ်တယ်၊ ငါ့မှာလည်း ဒီပြဿနာရှိတယ်” လို့ခံစားရအောင် လုပ်ပေးရပါတယ်။
ဥပမာ : “လူငယ်တွေအတွက် အလုပ်ရှာတာက အခုခေတ်မှာ တကယ်ခက်ခဲလာပါပြီ။ CV ပေးလည်း reply မရ၊ Interview တက်လည်း Selected မဖြစ်ဘူး။ Skills တွေရှိပေမယ့် Experience မရှိလို့ အလုပ်ရှင်တွေက မခန့်ချင်ကြဘူး။ Experience မရှိရင် အလုပ်မရ၊ အလုပ်မရှိရင် Experience မရဘူး။ ဒီလို Cycle မှာ ပိတ်မိနေတာပဲ။”
2. Solution (ဖြေရှင်းချက်)
Problem ကိုရှင်းလင်းပြီးနောက်မှာတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောပြပေးရပါတယ်။
ဒီအပိုင်းမှာဆိုရင် သင့်ရဲ့ Product သို့မဟုတ် Service က ဒီပြဿနာကို ဘယ်လို solve လုပ်ပေးနိုင်မလဲဆိုတာကို ရှင်းပြရမှာဖြစ်ပါတယ်။
ဥပမာ : “ဒါ့ကြောင့် ကျွန်တော်တို့က Digital Marketing Course တစ်ခုကို စတင်ဖြစ်လိုက်တာဖြစ်ပါတယ်။ ဒီ Course မှာဆိုရင် လက်တွေ့ပရောဂျက်တွေနှင့်အတူ သင်ကြားပေးမှာဖြစ်ပြီး သင်ခန်းစာတွေပြီးသွားတာနှင့်အမျှ Portfolio တစ်ခုလုံး ရရှိသွားမှာဖြစ်ပါတယ်။ ဒီ Portfolio က သင့်ကို Experience ရှိသူအဖြစ် အလုပ်ရှင်တွေက သတ်မှတ်စေလောက်တဲ့အထိ ကြမ်းမှာဖြစ်ပါတယ်။”
3. Benefit (အကျိုးကျေးဇူး)
နောက်ဆုံးအပိုင်းမှာတော့ ဒီ Solution ကို အသုံးပြုမယ်ဆိုရင် ဘာတွေရရှိမလဲ၊ ဘယ်လို အကျိုးကျေးဇူးတွေရှိမလဲဆိုတာကို ရှင်းလင်းစွာ ပြောပြပေးရပါတယ်။
Benefits တွေကို သူတို့နားလည်လွယ်အောင်နှင့် စိတ်ကူးယဥ်နိုင်အောင် ရေးပေးရပါတယ်။
ဥပမာ : “ဒီ Course ကိုတက်ပြီးရင် သင်က လစဉ် 500,000 ကျပ်ကနေ 1,000,000 ကျပ်အထိ ရရှိနိုင်တဲ့ Digital Marketing Specialist ဖြစ်လာမှာပဲဖြစ်ပါတယ်။ အလုပ်လုပ်ရင်းနှင့် Freelancing လုပ်ပြီး Extra Income တွေလည်း ရရှိနိုင်မှာပါ။ အရေးကြီးတာက Remote Work လုပ်နိုင်တော့ အိမ်မှာနေရင်းနဲ့လည်း အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ Company တွေကလည်း Digital Marketing ကို အရမ်းလိုအပ်နေတော့ Job Secure လည်းဖြစ်မှာပဲဖြစ်ပါတယ်။”
PSB Formula ရဲ့ အားသာချက်တွေ
PSB Formula ကို အသုံးပြုတဲ့အခါ အင်မတန်ထိရောက်တဲ့ အကြောင်းရင်းကတော့:
1.Simple & Direct : နားလည်လွယ်ပြီး တိုက်ရိုက်သဘောပေါက်စေတယ်။
2.Customer-Focused : Customer ရဲ့ ပြဿနာကနေစပြီး စတင်တာမို့ Attention ရလွယ်တယ်။
3.Logical Flow : Problem → Solution → Benefit လို့ logical order နဲ့ လိုက်တာမို့ နားလည်လွယ်တယ်။
4.Flexible : Product, Service, Content အမျိုးမျိုးနဲ့ အသုံးပြုနိုင်တယ်။
နောက်ထပ် PSB အသုံးပြုနည်းများ
PSB Formula ကို Email Marketing, Social Media Posts, Product Descriptions, Sales Letters စတဲ့နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။
တစ်ချို့က PSB ကို AIDA နှင့် ပေါင်းစပ်ပြီးလည်း အသုံးပြုကြပါတယ်။ ဒီလိုဆိုရင် Problem အပိုင်းက Attention ရဖို့၊ Solution က Interest & Desire ရဖို့၊ Benefit က Action ယူစေဖို့ အလုပ်လုပ်ပေးပါတယ်။
ဒီနေ့မှာ ပြောပြပေးသွားတာကတော့ Copywriting Formula တွေထဲက အရိုးရှင်းဆုံးပေမယ့် အထိရောက်ဆုံးတစ်ခုဖြစ်တဲ့ PSB Formula ကိုပြောပြပေးသွားတာဖြစ်ပါတယ်။
အားလုံးပဲ ကျွန်တော်ဒီနေ့ Sharing လုပ်ပေးသွားတဲ့ PSB Formula လေးကိုနားလည်သွားပြီး သင့်ရဲ့ Content Writing & Copywriting မှာ အသုံးချသွားနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။
Credited to – https://www.facebook.com/share/p/1CsvHwiTjy/